မြန်မာမှတ်ပုံတင်အကြောင်း
မြန်မာနိုင်ငံမှတ်ပုံတင်၏ ရှေ့နံပါတ်များသည် တိုင်းဒေသကြီး၊ ပြည်နယ်များကို ကိုယ်စားပြုပြီး ခွဲခြားထားကြပါတယ်။ မှတ်ပုံတင်၏ ရှေ့နံပါတ်များသည် မိမိ ဟာ ဘယ်တိုင်းဒေသကြီး၊ ဘယ်ပြည်နယ်တွင် မွေးဖွားခဲ့သည် (သို့မဟုတ်) ဘယ်တိုင်းဒေသကြီး၊ ဘယ်ပြည်နယ်တွင် မှတ်ပုံတင်ပြုလုပ်ခဲ့သည်ကို သိရှိနိုင်ရန် ရှေ့တွင် ( နံပတ်/ )ဖြင့် ကိုယ်စားပြု ဖော်ပြထားပါသည်။ နံပါတ်နောက်မှ အက္ခရာ ၃လုံးသည် မြို့နယ်အတိုကောက်ကို ကိုယ်စားပြုဖော်ပြနေပါသည်။ ၁/ ဆိုရင် ကချင်ပြည်နယ် ၂/ ဆိုရင် ကယားပြည်နယ် ၃/ ဆိုရင် ကရင်ပြည်နယ် ၄/ ဆိုရင် ချင်းပြည်နယ် ၅/ ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး ၆/ ဆိုရင် တနင်္သာရီတိုင်း ၇/ ဆိုရင် ပဲခူးတိုင်းဒေသကြီး ၈/ ဆိုရင် မကွေးတိုင်း ၉/ ဆိုရင် မန္တလေးတိုင်း/နေပြည်တော်တိုင်းဒေသကြီး ၁၀/ ဆိုရင် မွန်ပြည်နယ် ၁၁/ ဆိုရင် ရခိုင်ပြည်နယ် ၁၂/ ဆိုရင် ရန်ကုန်တိုင်းဒေသကြီး ၁၃/ ဆိုရင် ရှမ်းပြည်နယ် ၁၄/ ဆိုရင် ဧရာဝတီတိုင်းဒေသကြီး
Comments
Post a Comment