TIFF file နဲ့ PSD file ဘာကွာလဲ?
ဒီတစ်ခေါက်မှာတော့ graphic designer တွေနဲ့ printing business တွေအတွက် အထောက်အကူဖြစ်စေမယ့် TIFF နဲ့ PSD ကွာခြားချက်နဲ့ အသုံးပြုပုံတွေကို မျှဝေပေးချင်ပါတယ်
Photoshop မှာ file တစ်ခုပြင်ပြီးသွားရင် layer တစ်ခုစီကျန်အောင် အကောင်းဆုံး ဘာ format နဲ့ save ရမလဲ မသိဘူး ဖြစ်နေပါသလား?
ပုံမှန်ကတော့ PSD နဲ့ပဲ save ကြပါတယ်
ဒါပေမဲ့ TIFF နဲ့ save ခြင်းဖြင့် ပိုကောင်းတဲ့အချက်တွေ ရှိနေပါတယ်
1. TIFF file ဟာ industry standard ဖြစ်ပါတယ်။ ဆိုလိုတာက photoshop မဟုတ်တဲ့ တခြား graphic software တွေမှာ TIFF file ကိုဖွင့်လို့ရပါတယ်။
2. PSD file ကို graphic software တိုင်းမှာ ဖွင့်လို့မရပါဘူး။
3. Printer ဆီ TIFF file တိုက်ရိုက်ပို့ပြီး print ထုတ်လို့ရပါတယ်။
4. TIFF file ဟာ 2GB ထက်ကြီးလို့ရပါတယ်။
5. PSD file ကတော့ 2GB ထက်ကျော်ရင် PSB (Photoshop Big) နဲ့ format ပြောင်း save ရပါတယ်။
PSD file ရဲ့အားသာချက်တွေကတော့
1. PSD ဟာ photoshop ရဲ့ မူရင်း format ဖြစ်ပါတယ်။
2. PSD ဟာ photoshop ရဲ့ feature တွေအကုန်လုံးကို support လုပ်ပါတယ်။
#Crd
Comments
Post a Comment