မြန်မာမှတ်ပုံတင်အကြောင်း
မြန်မာနိုင်ငံမှတ်ပုံတင်၏ ရှေ့နံပါတ်များသည် တိုင်းဒေသကြီး၊ ပြည်နယ်များကို ကိုယ်စားပြုပြီး ခွဲခြားထားကြပါတယ်။
မှတ်ပုံတင်၏ ရှေ့နံပါတ်များသည် မိမိဟာ ဘယ်တိုင်းဒေသကြီး၊ ဘယ်ပြည်နယ်တွင် မွေးဖွားခဲ့သည် (သို့မဟုတ်) ဘယ်တိုင်းဒေသကြီး၊ ဘယ်ပြည်နယ်တွင် မှတ်ပုံတင်ပြုလုပ်ခဲ့သည်ကို သိရှိနိုင်ရန် ရှေ့တွင် ( နံပတ်/ )ဖြင့် ကိုယ်စားပြု ဖော်ပြထားပါသည်။ နံပါတ်နောက်မှ အက္ခရာ ၃လုံးသည် မြို့နယ်အတိုကောက်ကို ကိုယ်စားပြုဖော်ပြနေပါသည်။
၁/ ဆိုရင် ကချင်ပြည်နယ်
၂/ ဆိုရင် ကယားပြည်နယ်
၃/ ဆိုရင် ကရင်ပြည်နယ်
၄/ ဆိုရင် ချင်းပြည်နယ်
၅/ ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး
၆/ ဆိုရင် တနင်္သာရီတိုင်း
၇/ ဆိုရင် ပဲခူးတိုင်းဒေသကြီး
၈/ ဆိုရင် မကွေးတိုင်း
၉/ ဆိုရင် မန္တလေးတိုင်း/နေပြည်တော်တိုင်းဒေသကြီး
၁၀/ ဆိုရင် မွန်ပြည်နယ်
၁၁/ ဆိုရင် ရခိုင်ပြည်နယ်
၁၂/ ဆိုရင် ရန်ကုန်တိုင်းဒေသကြီး
၁၃/ ဆိုရင် ရှမ်းပြည်နယ်
၁၄/ ဆိုရင် ဧရာဝတီတိုင်းဒေသကြီး
Comments
Post a Comment