Posts

မြန်မာမှတ်ပုံတင်အကြောင်း

Image
မြန်မာနိုင်ငံမှတ်ပုံတင်၏ ရှေ့နံပါတ်များသည် တိုင်းဒေသကြီး၊ ပြည်နယ်များကို ကိုယ်စားပြုပြီး ခွဲခြားထားကြပါတယ်။  မှတ်ပုံတင်၏ ရှေ့နံပါတ်များသည် မိမိ ဟာ ဘယ်တိုင်းဒေသကြီး၊ ဘယ်ပြည်နယ်တွင် မွေးဖွားခဲ့သည် (သို့မဟုတ်) ဘယ်တိုင်းဒေသကြီး၊ ဘယ်ပြည်နယ်တွင် မှတ်ပုံတင်ပြုလုပ်ခဲ့သည်ကို သိရှိနိုင်ရန် ရှေ့တွင်  ( နံပတ်/ )ဖြင့် ကိုယ်စားပြု ဖော်ပြထားပါသည်။ နံပါတ်နောက်မှ အက္ခရာ ၃လုံးသည် မြို့နယ်အတိုကောက်ကို ကိုယ်စားပြုဖော်ပြနေပါသည်။  ၁/ ဆိုရင် ကချင်ပြည်နယ် ၂/ ဆိုရင် ကယားပြည်နယ် ၃/ ဆိုရင် ကရင်ပြည်နယ် ၄/ ဆိုရင် ချင်းပြည်နယ် ၅/ ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး ၆/ ဆိုရင် တနင်္သာရီတိုင်း ၇/ ဆိုရင် ပဲခူးတိုင်းဒေသကြီး ၈/ ဆိုရင် မကွေးတိုင်း ၉/ ဆိုရင် မန္တလေးတိုင်း/နေပြည်တော်တိုင်းဒေသကြီး ၁၀/ ဆိုရင် မွန်ပြည်နယ် ၁၁/ ဆိုရင် ရခိုင်ပြည်နယ် ၁၂/ ဆိုရင် ရန်ကုန်တိုင်းဒေသကြီး ၁၃/ ဆိုရင် ရှမ်းပြည်နယ် ၁၄/ ဆိုရင် ဧရာဝတီတိုင်းဒေသကြီး

SSDတွေရဲ့အားသာချက်

Image
အခုနောက်ပိုင်းထွက်တဲ့ Computerတိုင်းနီးပါးမှာ HDD တွေအစား SSD တွေကိုပြောင်းလဲအသုံးပြုလာကြပါတယ်။ SSD ကို Solid State Drive လို့ ခေါ်ဝေါ်ပြီး integrated circuit လေးတွေပေါ်မှာ Data တွေကို သိုလှောင်သိမ်းဆည်းတဲ့ Storage Device တစ်ခုပဲဖြစ်ပါတယ်။ SSD တွေကို hierarchy of computer storage တွေအတွက် Secondary storage အဖြစ်အသုံးပြုရန် တီထွင်ခဲ့တာ ဖြစ်ပြီး Flash Memory တွေနဲ့ ပုံစံတူပါတယ်။ SSD တွေကို Solid State Disk လို့လဲ ခေါ်ကြသလို Solid State Device လို့လည်း ခေါ်ကြပါတယ်။ SSD တွေဟာ HDD တွေလို Plate ပြားတွေပေါ်မှာ လည်ပတ်ရတာ မဟုတ်ဘဲ Circuit ပြားတွေမှာ အလုပ်လုပ်တာကြောင့် Data တွေ ပြောင်းရွှေ့တဲ့ အမြန်နှုန်းက HDD တွေထက် သိသိသာသာမြန်ဆန်ပါတယ်။ ဒါ့အပြင် SSD တွေက Data တွေကို read/write  ပြုလုပ်ရာမှာ HDD တွေလို Power မလိုတာကြောင့် power consumption ပိုင်းမှာ ပိုမိုကောင်းမွန်ပါတယ်။ SSD တွေဟာ HDD တွေထက် Data တွေကို ကူးပြောင်းရာမှာ မြန်ဆန်စေရုံသာမက Windows boost တက်နှုန်းနှင့် Software အဝင်အထွက်တွေမှာ သိသိသာသာမြန်ဆန်ပါတယ်။ အဲ့တာအပြင် SSD တွေက HHD တွေလို Magnetism ကြောင့် Data တွေ ပျောက်ကုန်တာ ပျက်စီးတာတ...

TIFF file နဲ့ PSD file ဘာကွာလဲ?

Image
ဒီတစ်​ခေါက်မှာ​တော့ graphic designer ​တွေနဲ့ printing business တွေအတွက် အ​ထောက်အကူဖြစ်​စေမယ့် TIFF နဲ့ PSD ကွာခြားချက်နဲ့ အသုံးပြုပုံ​တွေကို မျှ​ဝေ​ပေးချင်ပါတယ် Photoshop မှာ file တစ်ခုပြင်ပြီးသွားရင် layer ​တစ်ခုစီကျန်​အောင် အ​ကောင်းဆုံး ဘာ format နဲ့ save ရမလဲ မသိဘူး ဖြစ်​နေပါသလား? ပုံမှန်က​တော့ PSD နဲ့ပဲ save ကြပါတယ် ဒါ​ပေမဲ့ TIFF နဲ့ save ခြင်းဖြင့် ပို​ကောင်းတဲ့အချက်​တွေ ရှိ​နေပါတယ် 1. TIFF file ဟာ industry standard ဖြစ်ပါတယ်။ ဆိုလိုတာက photoshop မဟုတ်တဲ့ တခြား graphic software ​တွေမှာ TIFF file ကိုဖွင့်လို့ရပါတယ်။ 2. PSD file ကို graphic software တိုင်းမှာ ဖွင့်လို့မရပါဘူး။ 3. Printer ဆီ TIFF file တိုက်ရိုက်ပို့ပြီး print ထုတ်လို့ရပါတယ်။ 4. TIFF file ဟာ 2GB ထက်ကြီးလို့ရပါတယ်။ 5. PSD file က​တော့ 2GB ထက်​ကျော်ရင် PSB (Photoshop Big) နဲ့ format ​ပြောင်း save ရပါတယ်။ PSD file ရဲ့အားသာချက်​တွေက​တော့ 1. PSD ဟာ photoshop ရဲ့ မူရင်း format ဖြစ်ပါတယ်။ 2. PSD ဟာ photoshop ရဲ့ feature ​တွေအကုန်လုံးကို support လုပ်ပါတယ်။ #Crd